Monday, 14 March 2016
ရခိုင်ပြည်နယ် အစိုးရမှာ အေအန်ပီက ၀န်ကြီးချုပ် ဖြစ်မှးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ရခိုင်ပြည်နယ်မှာ မဲအများဆုံး ရတာဟာ အေအန်ပီဖြစ်တယ် ။ ဒါ့ကြောင့်မို့  ၀န်ကြီးချုပ်ရာထူးကို အေအန်ပီ လွှတ်တော်ကိုယ်စားလှယ် ပေးရမယ် ။ အဲဒီလိုမဟုတ်ဘဲ -၈-ယောက်လောက်သာ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံရတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀န်ကြီးချုပ်ရာထူးကို ယူမယ် ဆိုရင်တော့ ကြီးမားတဲ့  စိန်ခေါ်မှု နဲ့  ပဋိပကမီး္ခတွေကို ရွေးချယ်သွားတာဘဲလို့  ပြောရလိမ့်မယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ အစိုးရဖွဲ့ စည်းနိုင်တယ် ။ ပြည်နယ်တိုင်းမှာ မဲအများရရှိတယ် ဆိုရင် ပြည်နယ်ဝန်ကြီးချုပ်နဲ့  ပြည်နယ်အစိုးရကို ဖွဲ့ စည်းခွင့်ရှိတယ် ။ ၂၀၀၈-ဥပဒေက ပြဋ္ဌါန်းထားတာလဲ ဒီအတိုင်းပါဘဲ ။ ဒါပေနဲ့  ပြည်နယ်မှာ မဲအများကြီး ရရှိတဲ့  ရှမ်းနဲ့ ရခိုင်ပါတီတွေက ရှမ်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်မှာ ပြည်နယ်အစိုးရကို ဖွဲ့ စည်းခွင့်ရှိတယ် ။ ၀န်ကြီးချုပ်ကိုလဲ ခန့် ပိုင်ခွင့်ရှိတယ် ။ ၂၀၀၈-ဥပဒေမှာ ပြည်နယ်ဝန်ကြီးချုပ်ကိုရော ပြည်နယ်အစိုးရကိုရော တခြားပြည်နယ်တွေမှာ အနိုင်ရရှိတဲ့  အတွက် အစိုးရက သမ္မတဟာ သူ့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို အနိုင်မရရှိတဲ့  ပြည်နယ်တွေမှာကော ခန့် အပ်ခွင့် ဖွဲ့ စည်းပိုင်ခွင့် ရှိတယ်လို့  ဖေါ်ပြမထားတာ ရှိတယ် ။ ၂၀၀၈-ဥပဒေအရ ရှမ်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်မှာ သူတို့ လူမျိုးတွေကို ဦးစားပေးတာ မဟုတ်ဘဲ ဥပဒေအရလဲ ပြဋ္ဌါန်းထားတာ ဖြစ်တယ် ။ လက်တွေ့ မှာ ရှမ်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်ဟာ ပြည်နယ်အစိုးရဖွဲ့ စည်းခွင့်နဲ့  ပြည်နယ်ဝန်ကြီးချုပ်အတွက် အစိုးရနဲ့  ထိပ်တိုက်ရင်ဆိုင်ရမဲ့  နိုင်ငံရေးပြသနာ ဖြစ်တယ် ။ နိုင်ငံရေးပြသနာကို တွေ့ ဆုံဆွေးနွေး ညှိနိုင်း အဖြေရှာပြီး ငြိမ်ြးိမ်းချမ်းချမ်း ဖြစ်ဘို့ လိုတယ် ။ အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ မထီမဲ့ မြင် ဖြစ်ပြီး ပြည်နယ်အစိုးရနဲ့  ပြည်နယ်ဝန်ကြီးချုပ်ကို စိတ်ကြိုက်ဆောင်ရွက်သွားမယ် ဆိုရင်တော့ ရှမ်းပြည်နယ်ကိုတော့ မပြောတတ်ပေမဲ့  ရခိုင်ပြည်နယ်ကတော့ ငြိမ်သက်လေမှာ မဟုတ်ဘူးဆိုတာ သေချာတယ် ။ ခိုင်အောင်ကျော် ( နယူးယောက် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment