Tuesday, 8 March 2016

စစ်အစိုးရသိမ်းသွားတဲ့ ရခိုင့်ရှေးဟောင်း လက်စွပ် အခု ဘယ်မှာလဲ ??
==============================================
ပုံမှာပါတဲ့ ကျောက်နီလက်စွပ်ကို ၂ဝဝ၉ ခုနှစ် ဇွန်လ ၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အထုပ်သည်မကျေးရွာက ဦးမောင်လှရဲ့ ပေါက်နေတဲ့လယ်ပြင်ကန်သင်းကိုဖာထေးတဲ့အခါ တွေ့ရှိခဲ့တာပါ။ 

ဒီလက်စွပ်ကို မြေအိုးတစ်လုံးထဲကနေရရှိခဲ့တာဖြစ်ပြီး လက်စွပ်နဲ့အတူ ၁ ကျပ်နဲ့ ၂ ရွေးအလေးချိန်ရှိတဲ့ ရွှေတုံး ၁ တုံး၊ ၄ ကျပ်နဲ့ ၂ ပဲအလေးချိန်ရှိတဲ့ ရွှေပြား ၁ ပြားတို့ကိုလည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။ လက်စွပ်မှာပါတဲ့ ကျောက်နီကတော့ ပတ္တမြားလို့ ယူဆရပါတယ်။ 

ထုံးစံအတိုင်းပဲ ဒီရှေးဟောင်းပစ္စည်းတွေကို ရဲကလာသိမ်းပြီး ဘဏ်မှာ အပ်ထားခဲ့ပါတယ်။ ရှေးဟောင်းပစ္စည်းဟုတ်/မဟုတ်ဆိုတာကိုလည်း အစိုးရတာဝန်ရှိသူတွေက စစ်ဆေးခဲ့ကြပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ဒီပစ္စည်းတွေအားလုံး ပျောက်သွားခဲ့ပါတယ်။ လက်ရှိမှာ ဒီပစ္စည်းတွေအားလုံး ဘယ်နေရာမှာရှိနေလဲဆိုတာ ရခိုင်တွေတစ်ယောက်မှ မသိနိုင်တော့ပါဘူး။ သိအောင်လည်း မကြိုးစားကြတော့ပါဘူး။ သိအောင်ကြိုးစားပြီး ရအောင်ယူပြနိုင်မယ်ဆိုရင်...........Credit>
မာန်ယုကျော် (ရွှေဝမြေ)
ဝ၉ဝ၃၁၆
(ကိုးကား ။    ။ ဆရာ Naung Aye 's facebook)
ဓာတ်ပုံ - Naung Aye

No comments:

Post a Comment