Tuesday, 22 March 2016
ရခိုင်ပြည်နယ် နှင့်တကွ မြန်မာတစ်ပြည်လုံးတွင် သဘာဝသယံဇာတများနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့်၊ စီမံပိုင်ခွင့်နှင့် ငွေကြေးကောက်ခံမှုပိုင်းဆိုင်ရာတို့တွင် ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုများစွာတင်းကြပ်ထားပြီး ဒေသတွင်းဌာနေတိုင်းရင်းသားများမှာ တစ်စုံတစ်ရာအကျိုးခံစားခွင့်မရှိသည့်အပြင် မြေယာများသိမ်းပိုက်ခံရခြင်း၊ အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံးရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးရခြင်းများကိုသာ ခံစားနေကြရသည့် သယံဇာတကျိန်စာကပ်ဆိုးကြီးကို မည်သို့တိုက်ဖျက်သင့်သည်ဟု ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့၏ နှစ်ပေါင်းဆယ်ချီ အတွေ့အကြုံများနှင့် ကမ္ဘာတလွှားမှ ရရှိသည့်သင်ခန်းစာများအရ ရှင်းလင်းထိမိစွာ တင်ပြလိုက်သော အစီရင်ခံစာသစ် .ကို .ယနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်သည် https://m.facebook.com/story.php?story_fbid=1214946825185269&id=1130443893635563
Saturday, 19 March 2016
စကားစမည် တောက်တိုမယ်ရ ကျွန်တော်တို့ က အမေရိကမှာ နေတယ်ဆိုတော့ အမေရိကနိုင်ငံမှာ ရှိတဲ့  လူဦးရေကို သိနေကြတယ် ။-၂၀၁၆-ခုနှစ်လူဦးရေစာရင်းမှာ -၃၂၃-၄၅၇-၈၆၆-ရှိတယ် ။ သမ္မတက နှစ်ဦးရှိတယ် ။ ဒီလိုနဲ့  မြန်မာနိုင်ငံကို ကြည့်လိုက်ပြန်တော့ -၂၀၁၄-ခုနှစ် လူဦးရေစာရင်းက-၅၅-သန်းကျော် တွေ့ ရတယ် ။ သမ္မတက သုံးဦးရှိနေတယ် ။ အမေရိကန်နဲ့  ဘာမှ နိုင်းယှဉ်စရာ မစဉ်းစားအပ်တဲ့  မြန်မာနိုင်ငံမှာ သမ္မတသုံးဦးက လိုအပ်နေသလားဆိုတာကို ပြောဆိုကြပြန်တယ် ။ အုပ်ချုပ်ရခက်လွန်းလို့  သမ္မတသုံးဦးကို ခန့် ထားရတာပေါ့လို့  ယေဘူယျ စကားပြောဖြစ်ကြတယ် ။ ခက်နေတာက အုပ်ချုပ်ရခက်လွန်းသူများဟာ လူထုမဟုတ်ဘဲ အုပ်ချုပ်သူများဖြစ်တဲ့  သမ္မတသုံးဦးက အာဏာကို မရှိဘူးဆိုတာ မြင်နေရပြန်တယ် ။ ပထမတချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အာဏာအရှိဆုံး ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ ရဲ့ အစိုးရမှာ သမ္မတာဟာ အာဏာမရှိဘူး-ပါတီကခိုင်းတာသာ လုပ်ရမယ်လို့ အင်တာဗျူးတွေမှာ ပြောဆိုထားတယ် ။ အခြားတဖက်မှာ တပ်မတော်က လာတဲ့  ဒုသမ္မတ ဦးမြင့်ဆွေဟာလဲ တပ်မတော်က ခိုင်းတာသာ လုပ်ရမဲ့  ပုဂ္ဂိုလ်ဖြစ်နေတော့ သူ့ ခမြာလဲ အာဏာက မရှိပြန်တော့ဘဲ ဖြစ်နေရတယ် ။ အာဏာမရှိတဲ့  သမ္မတများနဲ့  မြန်မာနိုင်ငံသားတွေဟာ ရှေ့ ဆက်အနာဂတ်မြန်မာနိုင်ငံရဲ့  အစစအရာရာကို ဆက်လက်ထမ်းပိုးကြမှာလဲ ဆိုတာကို ကမ္ဘာက စောင့်ကြည့်နေကြတယ် ။ အကယ်၍ အင်္ဂလန်နိုင်ငံ ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအစိုးရကို ဖိတ်ခေါ်မယ် ဆိုရင် မြန်မာနိုင်ငံက ၀န်ကြီးချုပ် ဆိုသူကို တရားဝင်ဖိတ်ခေါ်တော့မယ် ။ ဒီတော့ကာ မြန်မာနိုင်ငံမှာ ၀န်ကြီးချုပ်က မရှိပြန်သေးတော့ အယင်အစိုးရတုံးကလို နိုင်ငံခြားခရီးတွေကို သွားတော့မယ် ဆိုရင် ၀န်ကြီးချုပ် ဖြစ်လေသတည်းဆိုပြီး သွားကြရတော့မဲ့  ကိန်းဖြစ်နေပြန်တယ် ။ -------------- ------------ ---------------- ရှေးယခင်က မြန်မာနိုင်ငံဟာ ၀န်ကြီးချုပ်စနစ်နဲ့  အုပ်ချုပ်ရေးယန္တယား လည်ပတ်ခဲ့ တာဖြစ်တယ် ။ လွတ်လပ်ရေးရရှိပြီးနောက် ၀န်ကြီးချုပ်ဟောင်း ဦးနုဟာ -၁၉၆၂-ခုနှစ်ထိ ၀န်ကြီးချုပ်ရာထူးနဲ့  ရှိနေခဲ့ တယ် ။ တပ်မတော်က အာဏာသိမ်းပြီးနောက် ခုချိန်ထိ ၀န်ကြီးချုပ်စနစ်နဲ့ အုပ်ချုပ်တာ မရှိတော့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်နေခဲ့ တဲ့ -၁၉ရ၄-ခုနှစ်-မှ-၁၉၈၈-ခုနှစ်ထိ အားလုံးဟာ တပ်မတော်က အုပ်ချုပ်နေခဲ့ တဲ့  ယန္တယားတွေဘဲ ဖြစ်တယ် ။ ၁၉၈၈-ခုနှစ်က-၂၀၁၀-ခုနှစ်ထိ တပ်မတော်က အုပ်ချုပ်နေခဲ့ တာဟာ တကယ့်တကယ်မှာ လွှတ်တောာ်နိုင်ငံရေးစနစ်နဲ့ ဆိုပေမဲ့  အားလုံးသော အာဏာစီးဆင်းမှုဟာ တပ်မတော်ကဘဲ ဖြစ်နေပြန်တယ် ။ ပါတီကြောထောက်နောက်ခံထားပြီး ပြည်ခိုင်ဖြိုးပါတီက အုပ်ချုပ်ရေးယန္တယားကို ကိုင်တွယ်ထားပေမဲ့  အဓိကမောင်းနှင်အားကတော့ တပ်မတော်ဘဲ ဖြစ်တယ် ။ ၂၀၁၅-ရွေးကောက်ပွဲ ကျင်းပပြီးစီးလို့  ခုဆိုရင် လွှတ်တော်အသစ်ကို ကျင်းပနေပြီ ဖြစ်တယ် ။ တနေ့ ကဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခန့် အပ်ပေးထားတဲ့ ဦးထင်ကျော်ကို လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတအဖြစ် လွှတ်တော်က ခန့် အပ်လိုက်ကြပြီ ဖြစ်တယ် ။ သမ္မတဖြစ်လာမဲ့  ဦးထင်ကျော်ကို ရွေးချယ်ကြောင်း ကြေညာတဲ့  နေ့ ကတော့ တပ်မတော်က ၀မ်းပမ်းတသာ လက်ခုပ်လက်ဝါး တီးလို့  မကြိုဆိုဘူးဆိုတာကို သိရတော့ ဒါဟာ တပ်မတော်နဲ့  အစိုးရပြု လုပ်ခွင့်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နို့  အာဏာလွန်ဆွဲမှု တွေ ဆက်လက်ရှိနေသေးတယ် ဆိုတာကို ခန့် မှန်းလို့ ရတယ် ။ ၅၉-စ-နဲ့  သမ္မတ မဖြစ်လိုက်ရတဲ့  ဒေါ်အောင်ဆန်းစုကြည်ကို -ပုဒ်မ္မ-၂၁ရ-နဲ့  သမ္မတအထက်က ဥသျှောင်အနေနဲ့  ရှိလာနိုင်တယ် ဆိုတာ ပြောဆိုခန့် မှန်းနေကြတယ် ။ -အမျိုးသားညီလာခံဟာ တပ်မတော်က လုပ်ထားခဲ့ တဲ့  နိုင်ငံတော်ဖွဲ့ စည်းပုံ ဖြစ်တယ် ။ ဒီဥပဒေတွေက ဒေါ်အောင်ဆန်းစုကြည်ကို လမ်းဖွင့်ပေးထားတာ မဟုတ်ဘူးဆိုတာ နားလည်ထားကြတယ် ။ ဒီတော့ခါ ပုဒ်မ္မ-၂၁ရ-ကကော ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတအထက်က နေရာများ ရရှိတန်ကောင်းလှလေရဲ့  ဆိုတဲ့  အတွေးကို တွေးကြည့်ရင် အဓိပ္ပယ်က နှစ်မျိုး ထွက်နေတာ တွေ့ ရပြန်တယ်။ ပုဒ်မ္မ-၂၁ရ- ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌားန်းချက်များနှင့် မဆန့် ကျင်ဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော်သမ္မ၌ တည်ရှိသည် ။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့ အစည်းတရပ်ရပ်အားလည်းကောင်း-အာဏာပိုင်ပုဂ္ဂိုလ်တဦးဦးအား၎င်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြု နိုင်ဟု မမှတ်ယူရ ဟု ဖေါ်ပြထားသည် ။ ဤသို့ ဆိုလျှင် သမ္မတ သုံးဦးရှိနေသော မြန်မာနိုင်ငံတွင် နောက်ထပ် မြန်မာနိုင်ငံ၏ သေရေးရှင်ရေးတမျှ အရေးပေါ် ဖြစ်လာသော အခြေအနေရှိမှသာ အာဏာပိုင်အဖွဲ့ အစည်းတရပ်ရပ်အား၎င်း- လူပုဂ္ဂိုလ်တဦးဦးအား၎င်း ခန့် အပ်နိုင်သည်ဟု အဓိပ္ပယ် ကောက်ချက်ဆွဲထားခြင်း ဖြစ်နိုင်သည် ။ လက်ရှိအချိန်တွင် သမ္မတသုံးဦး ရှိနေသောကြောင့် လူပိုတဦးကို ခန့် ထားရန် မလိုသေးကြောင်း တပ်မတော်က အစဉ်တစိုက် ခံယူထားတုံး ရှိနေဆဲဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် တပ်မတော်သည် ခုချိန်ထိ အာဏာ ရှိနေဆဲ-ရှိနေမြဲ - ရှိနေတုံး ဖြစ်နေသည် ။ ပုဒ်မ္မ-၂၁ရ-သည် သမ္မတအထက်က ရှိနေသည်မှန်သော်လည်း ၄င်းဥပဒေသည် တပ်မတော်ကာကွယ်ရေးစစ်ဦးချုပ်ဟောင်း သန်းရွှေနှင့်တကွ နောင်အစဉ်အမြဲ ရှိနေမည့် ဆီနီယာဗိုလ်ချုပ်မှူးကြီးများအတွက်သာ ရေးဆွဲပြဋ္ဌါန်းထားခြင်းဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးဆွဲထားခြင်း မဟုတ်ကြောင်း ကျွန်တော် တို့  စကားစမည် တောက်တိုမယ်ရ ပြောဆိုဖြစ်ကြပါတော့သည် ။ အဘယ့်ကြောင့်ဆိုသော် -၂၀၀၈-ဥပဒေက တပ်မတော်မှ ရေးဆွဲပြဋ္ဌါန်းထားခြင်းကြောင့် ဖြစ်ပါသည် ။ ခိုင်အောင်ကျော် ( နယူးယောက် )
Friday, 18 March 2016
မြန်မာပြည်တွင် တရုတ်ဩဇာ ပြန်တည်ထောင်ရေး စရွှေ့ပြီ By ရှီဘာနီမာတနီ | March 19, 2016 ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းတခု ဆောက်လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုကို ပြန်လည်မြှင့်တင်နိုင်ရန် တရုတ်နိုင်ငံ ကြိုးစားနေခြင်းက ဒေသခံများ၏ ဆန့်ကျင်ကန့်ကွက်မှုနှင့် တရုတ်-မြန်မာ ဆက်ဆံရေးအကြား ဟန်ချက်ညီရေး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရသစ်အတွက် ကနဦး စမ်းသပ်ချက်တခု ဖြစ်သည်။ အထူးစီးပွားရေးဇုန်တခုလည်း ပါဝင်မည်ဖြစ်သည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းက အိန္ဒိယ သမုဒ္ဒရာနှင့် တောင်အာရှအထိ ၎င်းတို့၏ တည်ရှိမှုကို တိုးချဲ့လိုသော တရုတ်အစိုးရ၏ အားထုတ်မှုနှင့် ယခင် စစ်အစိုးရ လက်ထက်က ရှိခဲ့သော အခွင့်ထူးခံ အနေအထားကို ပြန်လည်ရရှိရေးကို အထောက်အကူဖြစ်မည် ဖြစ်သည်။ သို့သော်လည်း အဆိုပါကြိုးစားမှုက မရေရာမှုများ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် မတ်လအတွင်းတွင် သမ္မတရွေး ရွေးချယ်ပြီး ဧပြီလတွင် အာဏာရယူမည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ယခင်က ချထားပေးခဲ့သော စီမံကိန်းကြီးများ ကို ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒီဇင်ဘာလအတွင်းက တရုတ်ဦးဆောင်သော ကုမ္ပဏီ အုပ်စုတခုသို့ ချထားပေးခဲ့သော ကျောက်ဖြူ စီမံကိန်း အပါအ၀င်ဖြစ်သည်။ အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင်းမှ တရုတ် ဆန့်ကျင်ရေး သဘောထားများနှင့် သြဇာကြီးမားသည့် အိမ်နီးချင်းနိုင်ငံနှင့် မိတ်ပျက်ရမည့် အလားအလာများအကြား ချိန်ဆရတော့မည်ဖြစ်သည်။ ကျောက်ဖြူ စီမံကိန်းတွင် လုပ်ကိုင်ခွင့်ရရှိခဲ့သော Citic Group က ၎င်းတို့အနေဖြင့် တရားမျှတစွာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပြုလွှာတင်သွင်းခြင်းကို စီမံကိန်းနှင့် ပတ်သက်၍ တာဝန်ရှိသူအားလုံးက စဉ်းစားဆုံးဖြတ်ခဲ့ခြင်း ဖြစ် ကြောင်း ပြောသည်။ မြန်မာနိုင်ငံမှ တရုတ်လှုပ်ရှားမှုများအပေါ် မသင်္ကာမှုများကို ဖြေရှင်း တုန့်ပြန်သည့်အနေဖြင့် အသေးစိတ် ကြေညာချက်တခုကို ထူးထူးခြားခြား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စီမံကိန်းအပေါ် ဒေသခံများ၏ ထောက်ခံမှု ရရှိရေးအတွက် Citic မှ ၀န်ထမ်းများက ပြီးခဲ့သည့် ရက်များအတွင်း ကျောက်ဖြူဒေသတွင် ဒေသခံများကို အထူးစီးပွားရေးဇုန်တွင် အသုံးပြုနိုင်မည့် ကျွမ်းကျင်မှုများ လေ့ကျင့်သင်ကြားပေးနေသည်။ မြန်မာနိုင်ငံကို စစ်ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်ခဲ့စဉ်ကာလအတွင်းတွင် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူ မှုများပြုလုပ်ခဲ့သဖြင့် စီးပွားရေးနှင့် ပတ်သက်၍ ရွေးချယ်စရာ နည်းပါးသည့် အခြေအနေသို့ရောက်ရှိခဲ့ရပြီး မြန်မာနိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုလည်း တိုးတက်လာခဲ့သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်း၌ အရပ်သား အမည်ခံ အစိုးရက တံခါးပိတ် အထီးကျန်ဝါဒကို အဆုံးသတ်ရန် အားထုတ်မှု အနေဖြင့် အနောက်နိုင်ငံများဘက်သို့ စတင် ခြေဦး လှည့်လာသည့် အချိန်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှု မှေးမှိန်လာခဲ့ရသည်။ တရားဝင်ထုတ်ပြန်သည့် စာရင်းဇယားများ အရ ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ယခုအမေရိကန်ဒေါ်လာ ၆၈၈သန်း ရှိခဲ့သည်နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ အနောက်တိုင်းကုမ္ပဏီများ အပါအ၀င် စင်ကာပူမှတဆင့် ၀င်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများက ၂၀၁၁ ခု နှစ် ကစ၍ စုစုပေါင်း အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ရှိခဲ့ပါသည်။ လတ်တလောနှစ်များအတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ၎င်းတို့၏ သြဇာစက်ဝန်းထဲတွင် ဆက်လက်ထားရှိနိုင်ရန်နှင့် အနောက်နိုင်ငံများနှင့် နီးကပ်သွားခြင်းမှ တားဆီးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် တွေဆုံခဲ့ပါသည်။ တရုတ်အစိုးရက ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ရှိသည့် ရခိုင်ပြည်နယ်မှ နိုင်ငံရေး သမားများကိုလည်း ဘေဂျင်းမြို့သို့ ဖိတ်ခေါ်ဧည့်ခံခဲ့သည်။ Citic Group က မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှ ဗျူဟာမြောက်အရေးအပါဆုံး ဈေးကွက်အဖြစ် ဖော်ပြခဲ့သည်။ “မြန်မာနိုင်ငံမှာ ဆုံးရှုံးမှုတွေ အများကြီးတွေ့ခဲ့ပြီးတဲ့နောက်မှာတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆက်ရှိနေတယ်၊ သြဇာလွှမ်းမိုးဆဲပဲ ဖြစ်တယ်ဆိုတာ မဖြစ်မနေ ပြသနိုင်ဖို့ အတွက် ကျောက်ဖြူစီမံကိန်းက သင်္ကေတ တခုဖြစ်လာပါတယ်” ဟု ၀ါရှင်တန် အခြေစိုက် Stimson Center မှ တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူတဦးဖြစ်သော ယွန်ဆန်က ပြော သည်။ အကယ်၍ နောက်လာမည့် မြန်မာအစိုးရက စီမံကိန်းကို ရွှေ့ဆိုင်းလိုက်လျှင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အသူ တရာနက်သည့် ချောက်ထဲသို့ ပစ်ချလိုက်သလို ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိသည်ဟု သူကဆိုသည်။ သို့သော်လည်း ယခင် စစ်အစိုးရအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှု နှင့် အခြားအငြင်းပွားဖွယ်ရာ စီမံကိန်းများက မြန်မာ နိုင်ငံတွင် ၎င်းတို့အတွက် စိန်ခေါ်မှုတခု ဖြစ်နေသည်။ မြန်မာနိုင်ငံမှ မြေ၊ တွင်းထွက်နှင့် သစ်တောများကို ယူရန်သာ တရုတ်နိုင်ငံက စိတ်အားထက်သန် နေခဲ့သောကြောင့် ပြည်သူများ ထိခိုက်နစ်နာခဲ့ရသည်ဟု အများစုက ယုံကြည်ထား ကြသည်။ ၂၀၀၈ ခုနှစ်တွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက China National Petroleum ကော်ပိုရေးရှင်းကို ရေနံနှင့် သဘာဝ ဓာတ် ငွေ့ ပိုက်လိုင်းများ တည်ဆောက်ခွင့်ပြုခဲ့သည့်အတွက် ထောင်နှင့် ချီသော ကျေးလက်ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ သည်။ သဘာဝပတ်ဝန်းကျင်ရေးရာ စိုးရိမ်စရာများကြောင့် ၂၀၁၁ ခုနှစ်တွင် အစိုးရက မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။ အစိုးရသစ်အနေဖြင့် ထိုစီမံကိန်းကို ပြန်စသင့် မစသင့်ကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။ တရုတ် စီမံကိန်းတခုဖြစ်သည့် လက်ပံတောင်းကြေးနီသတ္တုတွင်း စီမံကိန်းမှာလည်း ဆန္ဒပြ ကန့်ကွက်သူများနှင့် ရဲတပ်ဖွဲ့ကြားတွင် ထိပ်တိုက်တွေ့ဆုံမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ဆိုင်းငံ့ခဲ့ရပြီး နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်က ပြန်လည် လုပ်ကိုင်ခွင့်ပေးခဲ့ပါသည်။ ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက်ရှိနေသော်လည်း ကုမ္ပဏီက ထုတ်လုပ်ရေးလုပ်ငန်းများကို ယခုနှစ် နွေဦးတွင် ပြန်လည်စတင်ရန် စီစဉ်နေသည်။ အဆိုပါ အငြင်းပွားဖွယ်ရာများကို နောက်လာမည့် အစိုးရက ဖြေရှင်းရတော့မည် ဖြစ်ပါသည်။ “ကျနော်တို့ ပါတီ အစိုးရဖြစ်လာတဲ့ အချိန်မှာ ကျောက်ဖြူစီမံကိန်းအပါအ၀င် အဓိက စီမံကိန်းတွေ အားလုံးကို ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်။ ဘယ်ဟာက တိုင်းပြည်အတွက် သင့်တော်မလဲဆိုတာကို တခုချင်း စိစစ်သုံးသပ်သွားမှာ ဖြစ်ပါ တယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စီးပွားရေး ကော်မတီ ဥက္ကဌ ဦးဟန်သာမြင့်က ပြောသည်။ တရုတ်ထံမှ ရရှိသည်များနှင့် ပတ်သက်၍ တိုင်ပင်အသိပေးခြင်း မရှိခဲ့သည့်အတွက် စိတ်ပျက်ခဲ့ ကြရသည်ဟုလည်း သူကဆိုသည်။ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် ဒါဇင်နှင့် ချီသော ကျောက်ဖြူဒေသခံများက တရုတ်နိုင်ငံ၏ နောက်ဆုံး အားထုတ်မှု များအပေါ် အလေးအနက် သံသယရှိနေကြောင်း ပြောကြသည်။ စိုက်ပျိုးရန် မသင့်တော်သောနေရာများသို့ ရွှေ့ပြောင်းပေး ရမည်ကို စိုးရိမ်နေကြသည်။ အလုပ်အသစ်များ လုပ်ကိုင်နိုင်သည့် စွမ်းရည်မရှိသည့်အတွက်လည်း စိုးရိမ်ကြသည်။ အခြား ပိုက်လိုင်းကြောင့် တွေ့ကြုံခဲ့ရသည်များကို ပြောပြခဲ့ကြသည်။ “ကျမရဲ့ မွေးမြူရေးခြံကို ပိုက်လိုင်းတည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်တွေကထဲက တရုတ်တွေက သိမ်းသွားတယ်။ ကျမ ဒီလို မျိုးနောက်တကြိမ်ထပ်ပြီး မကြုံချင်တော့ဘူး” ဟု မွေးမြူရေးသမားတယောက်ဖြစ်သည့် မလုံးသွင်က ပြောပြသည်။ Citic Group သို့ လုပ်ပိုင်ခွင့်ရွေးချယ်ချထားပေးခဲ့သည့် စိစစ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သော ဦးအောင်ကျော်သန်း ကမူ ပြန်လည်နေရာချထားပေးရမည့် ကျေးလက်ပြည်သူ အနည်းငယ်မျှသာ ရှိကြောင်း စီမံကိန်းက ရခိုင်ပြည်နယ်အတွက် စီးပွားရေး အကျိုးအမြတ်များ ရရှိစေနိုင်မည် ဖြစ်ကြောင်း ပြောသည်။ Citic Group က ၇ နှစ် ကြာမည့် စီမံကိန်းတခုကို ထုတ်ပြန်ခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဒေသခံများ၏ ထောက်ခံမှုကို ရရှိစေရန် တွေ့ဆုံဆွေးနွေးခြင်းနှင့် ဒေါ်လာသန်းနှင့်ချီ၍ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ခြင်းများဖြင့် ကြိုးစားနေသည်။ စီမံကိန်း အထမြောက်လာစေရန် အစိုးရသစ်က နိုင်ငံတကာ အတိုင်းအတာဖြင့် လက်ခံထားသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စည်းမျဉ်းများကို လေးစားလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းတို့က ဆိုသည်။ သို့သော်လည်း ကျောက်ဖြူစီမံကိန်းက ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးအနည်းငယ်မျှသာ ရရှိနိုင်မည်ဟု အချို့ ကပြောကြသည်။ “ကျောက်ဖြူစီမံကိန်းက ကျနော့်အတွက်တော့ ကျိုးကြောင်းဆီလျော်တဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတခုထက်စာရင် တရုတ် နိုင်ငံက မြေသိမ်းယူတဲ့ သဘောတူညီချက်တခုနဲ့ ပိုပြီးတူနေတယ်။ စက်မှုဇုန်တွေက အခုလို နေရာမျိုး မဟုတ်ဘဲ လူများစု ရှိတဲ့နေရာနဲ့ နီးစပ်မှ အဓိပ္ပါယ်ရှိပါတယ်” ဟု Harvard တက္ကသိုလ် Ash Center မှ စီးပွားရေး ပညာရှင်တဦး ဖြစ်သော David Dapice ကပြောသည်။ ( The Wall Street အွန်လိုင်းသတင်းစာပါ Shibani Mahtani ၏ China Moves to Revive Its Sway in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Thursday, 17 March 2016
မော်တင်စွန်း ဘုရား သမိုင်း နှင့် ရခိုင် မဟာပညာကျော်အကြောင်း။ ********************************** ရခိုင်လူမျိုးတို့ သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။ မဟာပညာကျော်မှာ လောကရေး၊ ဓမ္မရေး၊ ရာဇရေးဟူသော အရေးသုံးပါးစလုံး၍ ကျွမ်းကျင်နှံစပ်သူဖြစ်သည်။ သူကြောင်းပင် ပြည်ရှင်မင်း အဆက်ဆက်သည် ကျောသား၊ ရင်သားမခွဲခြားဘဲ တရားဖြောင့်မတ်စွာ အုပ်ချုပ်နိုင်ရန်အတွက် အကြံကောင်း၊ ဥာဏ်ကောင်းများ ၊ နည်းလမ်းကောင်းများကို ညွှန်ပြတတ်သည်။ မင်းဗာဘုရင်၊ ရှင်မြ၀ါ၊ မဟာပညာကျော်တိုကတွင် သွေးသောက် မိတ်ဆွေများဖြစ်ကြသည်။ ကုလား-ပေါ်တူဂီတို့ စစ်နိုင်ပြီး သျှစ်သောင်း ပုထိုးတော်ကြီးကို တည်ထားခဲ့သော မင်းဗာဘုရင်ကြီး၏သား မင်းဖလောင်းရှင်ဘုရင် လက်ထက် တစ်လျှောက်လုံးတွင် မဟာပညာကျော်အမတ်၏ အစီအမံများကို တွေ့ရသည်။ ဤအစီအမံများအတိုင်းပင် မင်းဖလောင်းရှင်ဘုရင်၏ အစီအမံများ အားလုံး အောင်မြင်ခဲ့သည်။ မင်းဗာဘုရင်လက်ထက်တွင် မဟာပညာကျော်အမတ်အား စစ်တကောင်းစားအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ မင်းဖလောင်းဘုရင်လက်ထက်တွင် စစ်တကောင်မှ ပြန်ခေါ်ပြီး ဘုရင်၏ အနီးအနားတွင် ထားခဲ့သည်။ အနောက်တရိုး စစ်တကောင်းကို သားတော်လတ် မင်းရာဇာကြီးကို ပေးခဲ့သည်။ မင်းဖလောင်းးကွယ်လွန်ပြီး သားတော် သတိုးဓမ္မမရာဇာသည် မင်းရာဇာကြီးဘွဲ့အမည်ဖြင့် ရခိုင်ထီးနန်းကို ဆက်ခံခဲ့သည်။ မင်းရာဇာကြီး ဘုရင်ဖြစ်သောအခါ ညီတော် သတိုးစောလှမှ အနောက်ပြည် စစ်တကောင်းကို အစားရခဲ့သည်။ သို့သော်လည်း (၂)နှစ်ကြာသောအခါ အစ်ကိုတော် မင်းရာဇာကြီးကို ပုန်ကန်ခဲ့သည့်အတွက် သတိုးစောလှကို အနောက်ငယ်မှ ဖယ်ရှားပြီး သက်တော်ရှင် ပညာရှိအမတ် မဟာပညာကျော်ကို အနောက်ပြည်စစ်တကောင်းကို ပြန်လည် အပ်နှင်းခဲ့သည်။ အနောက်ပြည် စစ်တကောင်း ဘင်္ဂါ(၁၂)မြို့ကို အုပ်စိုးခွင့်ရခဲ့သည့် ပညာရှိ မဟာပညာကျော်အမတ်နှင့် မင်းရာဇာကြီးလက်ထက်တွင် တောင်ငူဘုရင်မှ လက်တောင် မဏ္ဏာာရွှေပေလွာဖြင့်တကွ ကြည်းတောင်စားနှင့် ကသာစားနှစ်ယောက်ကို ဟံသာဝတီ(ပဲခူး)ကို စစ်ထိုးရာတွင် ပါဝင်ကူညီတိုက်ခိုက်ပေးဖို့ အကူးအညီတောင်းလေသည်။ တကယ်လို့စစ်အောင်မြင်ပါက ပဲခူးမင်းနန္ဒသမီးတော်နှင့် ဆင်ဖြူရတနာကို ဆက်သပါမည် ဟု ကတိပြုရေးသားထားလေသည်။ စစ်ကူးပေးရာတွင် နမိတ်ဖတ်သည့်အနေဖြင့် အဉ္ဇနဒီ(လေးမြို့)မြစ်တွင် လူငယ်တို့သည် လှေလှော်ရာတွင် သီဆိုကြသည် ဆင်ဖြူပေါင်ကျိုး၊ ထီးဖြူညှိုး၍ ပဲခူးဘုရင် ဒို့အရှင်ထံ ၀င်လိမ်မည် အတိတ်နမိတ်ကို မဟာပညာကျော်အား မေးမြန်ခဲ့ရာ ကောင်းသောနိမိတ်ဖြစ်သည့်အတွက် စစ်ကူးပေးလေသည်။ ဤစစ်ပွဲတွင် မင်းရာဇာကြီးကိုယ်တိုင်း တပ်ကို ကြပ်မက်ပြီး စစ်သည်ရဲမက် တစ်သိန်းကို ဦးဆောင်ခဲ့သည်။ သားတော် အိမ်ရှေ့မင်းခမောင်းနှင့် စိန်တင်စား ဥက္ကပျံ (စာဆိုတော် ဥက္ကပျံ)တို့ကို စစ်သည် ငါးသောင်းကို ဦးဆောင်ပြီး သက္ကရာဇာ် ၉၆၀ ပြည့်၊ တန်ဆောင်မုန်း လဆန်း (၁၀)ရက်နေ့တွင် မော်တင်ကို လှည့်၍ သန်လျှင်(ရန်ကုန်မြို့ တစ်ဖက်ကမ်း)ကို မြို့ကို ချီးတက် သိမ်းပိုက်ခဲ့သည်။ မင်းရာဇာကြီးသည် တောင်ငူဘုရင် တပ်နှင့်ပူပေါင်းပြီး ဟံသာဝတီ ပဲခူးမြို့ကို စစ်ကြောင်း (၄)ကြောင်းဖြင့် ချီးထိုး ခဲ့သည်။ (၁)တောင်ငူဘုရင်က ရှေ့ဘက်က ရသည်။ (၂)သားတော် နတ်ရှင်နောင်(စာဆိုတော်)က မြို့မြောက်ဘက်က ရံသည်။ (၃) အိမ်ရှေ့မင်းခမောင်းနှင့် ဥက္ကပျံတို့က တောင်ကရံသည်။ (၄) မင်းရာဇာကြီးက အနောက်ကံ ရံ၍ တိုက်ခိုက်ခဲ့သည်။ ဟံသာဝတီ(ပဲခူး)ဘုရင်၏ သားတော် မင်းရဲကျော်စွာသည် အညံခံသည်ကို မြင်ကာ ညီတော် တောင်ငူမင်းထံ အညံခံလေသည်။ ဟံသာဝတီ ပဲခူးမင်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ဟံသာဝတီကို ရသော် တောင်ငူမင်းက နန်းကျဟံသာဝတီမင်း၏ နှမတော် ခင်မနှောင်းကို ကိုယ်လုပ်သုံးကျိပ်နှင့် မှူးမတ်အပေါင်း ၀န်းရံစေလျှက် ဝေါနှင့်ထမ်းကာပြီး ဆင်ဖြူတာင်တစ်စီးကို ရခိုင်ဘုရင် မင်းရာဇာကြီးကို ဆက်သလေသည်။ မြန်မာမင်းနှစ်ပါးစစ်မက် ဖက်ပြိုင်မှုကို ယိုးဒယား(ထိုင်း)ဘုရင် ဗြနရာဇ် မြင်သော် တောင်ငူတွင် မင်းမရှိခိုက် တောင်ငူကို ၀င်တိုက်သည်။ ယိုးဒယားမင်းကို တောင်ငူမင်းနှင့် မင်းရာဇာကြီးတို့ တိုက်ခိုက်ရာ ယိုဒယားဘုရင်ညီတောင် ဗျသမွန်ကို ဖမ်းမိပြီး ယိုဒယားဘုရင်တို့လည်း အညံခံခဲ့သည်။ ယိုးဒယားဘုရင် ဗျသမွန်ကို ဖမ်းမိပြီး လက်နက်များ၊ လက်ဆောင်များ တောင်ယူပြီး သက္ကရာဇ် ၉၃၆ ခုနှစ် ရခိုင်သို့ ပြန်လာလေသည်။ ပြန်လမ်း ခရီး မော်တင်စွန်းသို့ ရောက်သောအခါ အသက်အရွယ် ကြီးရင့်ပြီးဖြစ်သော အမတ်ကြီး မဟာပညာကျော် ကွယ်လွန်သွားလေသည်။ မင်းရာဇာကြီးသည် မဟာပညာကျော်အား ကောင်းစွာ သင်္ဂြုဟ်၍ သင်းချိုင်ရာပေါ်တွင် စေတီတည်ထားလေသည်။ ယခုတိုင်း ထိုစေတီအား မော်တင်စေတီဟု တွင်ရစ်ကြောင်း ဖော်ပြထားသည်။ ရက္ခပူရတိုင်းတွင် သာကီဝင် မင်းဖလောင်းလက်ထက်တွင် ပြုစုခဲ့သော မဟာပညာကျော်လျှောက်ထုံးသည် ခေတ်အဆက်ဆက် ပညာရှိတို့ သုံးစွဲခဲ့သည် ရာဇ၀င်ကြီးတစ်စောင်ဖြစ်သည်။ မဟာပညာကျော်လျှောက်ထုံးများကို ကြည့်ရှုပြီး မင်းမှူး၊ မင်းမတ်များကို နောက်ပိုင်းဘုရင်တို့က ခန့်အပ်သည့်ဟု မှတ်တမ်းမှတ်ရာအရ တွေ့ရှိရသည်။ ရခိုင်ရို့က ကျွန်းအဖျားကို မော် လို့ခေါ်ရေ။ ရခိုင်ပြည်မှာ ဗုဒ္ဓေါမော်၊ ကြိမ်ခမော်၊ ဆင်တမော်၊ စခန်းမော် (မအီချောင်း)၊ ကင်းမော် (သံတွဲ)၊ အဂုတစ်ခါ မော်တင်စွန်းလတ်၊ ဒေဝေါဟာရစွာ ရခိုင်ဝေါဟာရအစစ်။ ဇာသူငြင်းဖို့လဲ။ မြန်မာစာ အဘိဓါန် ကျမ်း စာ- ၂၇၂ မှာ မော်= မျက်နှာကို အနည်းငယ်မော့်သည်။ ၀င့်ကြွားသည်။ မြင့်မော်သော အငူစွန်း။ အမော်လို့ ဖါင့်ဆိုထားရေ။ အသျှေကပင် အဖိုးသျှင် အဘောင်သျှင်ရို့ ပြောရေစကားကို တဖြည်းဖြည်း ကြားယောင်မိရေ။ လောင်းနန့်လားကေ မော်ဖျားမှာတင်ပခ၊ မော်စွန်းဖျားက စောင့်နီလီ။ အမှန်ပင် ငါရို့မော်တင်စွန်း မဟုတ်လား။ မော်တင်စွန်းဘုရားထက်က မိုင်ပေါင်း(၄၄၀) လောက်ဝီးရေ နတ်မြစ်ဝကို လှမ်းကြည့်မိပါရေ။ ရွာနာမည်တိကိုလေ့ တစ်ချက်ကြည့်။ ဇီးချိုင်၊ ကံချိုင်လတ်။ ဒေပိုင်နာမည်မျိုး ငါရို့ဘားမှာလေ့ ဟိရေ။ သပြုချိုင်၊ လုံးသာချိုင်၊ ရွှေဝါချိုင်၊ အင်္ဂရားချိုင်၊ ထိုချိုင် ဒေချိုင် အများကြီးကျန်ဖို့သိမ့်။
ဆရာကြီး ဦးဦးသာထွန်းဧ့ သီတမ်းစာ = = = = = = = = = = = = = = = = = = အော်------- ရခိုင်နွယ်ဖွား လူအများရို့ သိုးခြုံထားသော ဝံပလွေရို့သည် ပျားရည်ဆမ်းသော မုသားစကားများဖြင့် ပလီပလာအတီအတာ ပြောပနာ မဲဆွယ်လာလိမယ်၊ မဖြစ်နိုင်သော အမြုံဂတိများကို ပီးလာကတ်လိမယ်။ အော်------ ရခိုင်အမျိုး ဘဝဆိုးရို့ ငရို့မှာ ဘင်္ဂလီအရေးစွာ စနက်တံကို မီးလောင်နိန်ရေဗုံးကို ဖက်ထားစွာနန့် တူရေ။ ပဇက ပျားသကာပိုင်ချိုပြီးကေ ဝမ်းမှာ မျှားပိုင်ကောက်နိန်ရေစကားတိကို အယုံမလွယ်ကပ်ကေ့။ လူအိမ်ကငါး ဇာလောက်ပင်ကောင်းကေလည်း ကိုယ့်အိမ်က ဟင်းလောက်ပင်မကောင်းပါ။ ယင်းအတွက်ကြောင့် ကိုယ့်ရခိုင်ပါတီကို မဲပီးခြင်းဖြင့် ဘင်္ဂလီရန်ကို ကာကွယ်ပါ။ **ဦး ဦးသာထွန်း** Credit=ရခိုင်ရိုးမ ရင်ခုန်သံ
ရခိုင်နိုင်ငံရေးအရှုပ်အထွေးနှင့် လက်မဲကြီးများ ***************************** နေ့စွဲ - 19 – 02 – 2016 ယခုတလော ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံ ( ဖက်ဒရယ် + ဒီမိုကရေစီ + မြန်မာနိုင်ငံ ) ဟူသော အမည်ကို အစိုးရ၊ လွှတ်တော်များနှင့် လူထုမီဒီယာများအကြား အသိအမှတ်ပြု သုံးစွဲလာကြသည်။ ယင်းသည် ပဋိပက္ခအခြေပြု အမည်ပေးစနစ်ဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မဖြေရှင်းနိုင်သေးသော အချုပ် ပဋိပက္ခကြီးနှစ်ခု ရှိနေသည်ကို ယင်းအမည်က ထပ်ဟပ်ပြနေသလို ရှိသည်။ (၁) တစ်ခုမှာ ဗမာလူမျိုး အစိုးရအဆက်ဆက်ကတစ်ဖက်၊ တိုင်းရင်းသားလူမျိုးများကတစ်ဖက် ရှိနေသော ပဋိပက္ခသည် ၁၉၄၈ ခုနှစ်ကပင် တည်ရှိလာခဲ့သည်။ တနည်းအားဖြင့် ဖက်ဒရယ်အရေးဖြစ်သည်။ (၂) နောက်တစ်ခုမှာ ၁၉၆၂ ခုနှစ်မှစတင်ကာ စစ်ဘက်လွှမ်းမိုးသော အစိုးရအဆက်ဆက်ကတစ်ဖက်၊ ဗမာနှင့် တိုင်းရင်းသားပေါင်းစုံကတစ်ဖက် ရှိနေသော ဒီမိုကရေစီရေးဖြစ်သည်။ ယင်းသည် နောက်ပိုင်း၌ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပုံစံသို့အသွင်ပြောင်းလာသည်။ လောလောဆယ်၌ ဤပဋိပက္ခကြီး နှစ်ခုစလုံးကို ပီပြင်ထင်ရှားစွာ တွေ့နေရသည်မှာ ရခိုင့်နိုင်ငံရေး ကွင်းပြင်၌ဖြစ်သည်။ ရခိုင့်နိုင်ငံရေးကွင်းပြင်တွင် အချိန်တိုတွင်း တဟုန်ထိုးပေါ်ထွန်းလာသော ပြသနာကြီး ၃ရပါရှိသည်။ (၃)ရပ်ရှိသည်။ ယဉ်ကျေးမှုမတူ၊ လူမှုရေးမတူ။ ဘာသာရေးမတူသော Cultural Fault Line ပေါ်တွင် နယ်မြေချဲ့ထွင်လိုမှုကို အခြေခံ၍ ဖြစ်ပေါ်လာသည့် ရခိုင်-ဘင်္ဂလီကိစ္စ၊ Geopolitics ကို အခြေခံ၍ ဖြစ်လာသော ကျောက်ဖြူ SEZ နှင့် Sea Port ကိစ္စ၊ Federal တောင်းဆိုမှုကို အခြေခံ၍ ဖြစ်လာသော ရခိုင်တပ်မတော် AA ကိစ္စတို့ ဖြစ်သည်။ တဖန် ဤပြဿနာရှိ ရခိုင်နိုင်ငံရေးကွင်းပြင်တွင် နိုင်ငံရေးအင်အားစုက သုံးခုအပြိုင်ကြဲနေကြပြန်သည်။ နိုင်ငံရေး ပြိုင်ဘက်သုံးဦးမှာ ရခိုင် ANP ပါတီ။ A ဟု ဆိုပါစို့။ ဆုတ်ခွါစပြုနေသော အင်အားစုဟောင်း B ။ ၂၀၁၅ ရွေးကောက်ပွဲဖြင့် တဟုန်ထိုးနိုင်ငံရေးအင်အားကြီးလာသော အင်အားစု C တို့ဖြစ်သည်။ ယင်းတို့သည် အကျိုးစီးပွား ချင်းအားလုံးမတူ (Conflict of interest) ကြသဖြင့် သုံးဦး သုံးဖလှယ်ဆက်ဆံရေးပုံစံတွင် နှစ်ဦးကတစ်ဖက်၊ တစ်ဦးကတစ်ဖက် အထက်ပါ ပဋိပက္ခကြီးနှစ်ခုအပေါ် မူတည်၍ ပူးတုံခွါတုံ ရန်ဖက်ဖြစ်လိုက် မိတ်ဘက်ဖြစ်လိုက် အားပြိုင်နေကြသည်။ ယင်းတို့အထဲတွင် လောလောဆယ်၌ A သည် အင်အားအနည်းဆုံးဖြစ်သည်။ ရခိုင်တို့၏အနေအထား၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ မဟာဗျူဟာရွှေ့ပြောင်းအားပြိုင်မှု၊ အခြေအနေနှင့် အချိန်အခါပံ့ပိုးမှု၊ ဆင်းရဲသော ရခိုင်တို့၏ Social Mobilization လူထုနိုးကြားလှုပ်ရှားမှုတို့ဖြင့် တည်ဆောက်ထားသော အင်အားသာလျှင် A ၌ ရှိသည်။ တနည်းအိမ်ကွင်းအားသာချက်သာ A နှင့် ရှိသည်။ ထို့ကြောင့် A သည် စစ်ဘက်ကဲသော အင်အားစု B၊ နိုင်ငံရေးအင်အားရှိသော C တို့နှင့် ၀ိတ်တန်းညီရေးအတွက် အင်အားဖြည့်တင်းရန်လိုသည်။ ယင်းအင်အားကို A သည် လူထုစည်းလုံးညီညွတ်မှုဖြင့်ပင် ဖြည့်တင်းနိုင်စရာရှိသည်။ ယင်းလိုအပ်ချက်သည် A ရင်ဆိုင်ရမည့် အဓိကစိန်ခေါ်ချက်ဖြစ်သည်။ A သည် ယင်းကိုဖြေရှင်းရာ၌ အခက်အခဲ များစွာနှင့် ကြုံတွေ့နေရသည်။ A သည် ထိုးနှက်ချက်များစွာကြောင့် အင်အားတည်ဆောက်မှု နှောင့်နှေးနေရသည်။ အဘယ်ကြောင့်ဆိုသော် . . . ရခိုင့်နိုင်ငံရေး ကွင်းပြင်တွင် A, B, C တည်းဟူသော စွမ်းအားရှင်ပလေယာ ၃ ဦးသာရှိသည်မဟုတ်။ အဝေးမှထိန်းချုပ်ကစားသူ ကမ္ဘာ့အဆင့် ပလေယာ နှစ်ဦးလည်း ရှိနေပေသေးသည်။ ယင်းတို့ကို ရခိုင်ရာဇဝင်လာ "မျောက်" နှင့် "၀က်" ဟု အမည်ပေးကြမည်။ မျောက်က လက်မြန်ခြေမြန်ရှိသည်။ ရခိုင်သို့ အ၀င်စောသည်။ မျောက်သည် မဟာဗျူဟာ ပြိုင်ဘက် ၀က် ရခိုင်၌ အင်အားကြီးမားလာမည်ကိုမလိုလား။ သို့ဖြင့် ရခိုင့်နိုင်ငံရေးကွင်းပြင်ကို ဒီမိုကရေစီဖော်ဆောင်ရေး၊ Capacity မြှင့်တင်ရေး Line ဖြင့် လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်ကပင် ၀င်လာခဲ့သည်။ ထိုသို့ဝင်နိုင်ရန် C ဖြင့် တွဲချိတ်ရသည်။ သို့သော် မျောက်ရည်ရွယ်ချက်၏ နောက်ကွယ်တွင် ၀က် ထိန်းချုပ်ရေးလိုင်း ပါရှိသည်။ C နှင့် မျောက်တို့၏ လက်မည်းများကို အလွယ်တကူ မြင်နိုင်စွမ်းမရှိချေ။ ကန့်လန့်ကာ နှစ်ထပ် သုံးထပ် နောက်ကွယ်တွင်ရှိသော မျောက်သည် ကန့်လန့်ကာ တစ်ထပ်နောက်တွင်ရှိသော C မှတဆင့် ရခိုင်နိုင်ငံရေးကို ထိန်းချုပ်လိုသည်။ ယင်းတို့၏ ခြေတံလက်တံကို ဖြန့်ကျက် ထားပြီးဖြစ်သည်။ "၀က်" ထိန်းချုပ်ရေးလိုင်းတွင် ရခိုင်တို့၏ အကျိုးစီးပွားထိခိုက်နိုင်သော လိုင်းခွဲတစ်ခုပါသကဲ့သို့ ဒီမိုကရေစီမြှင့်တင်ရေးလိုင်းတွင် ဘင်္ဂလီကုလားတို့နှင့် ပတ်သက် သောရခိုင်တို့၏ အကျိုးစီးပွားကို ထိခိုက်နိုင်သော လိုင်းခွဲငယ်များ ပါရှိသည်။ မျောက်သည် C နှင့်အကျိုးတူသဖြင့် C နှင့်ချိတ်ဆက်၍ ရခိုင်သို့ ၀င်ထားသည်။ မျောက်သည် အနာဂါတ် ရခိုင်ကိုလွှမ်းမိုးချုပ်ထားနိုင်မည့်၎င်းတို့ထိန်းချုပ်နိုင်သည့် အုပ်စုတစ်စုကို ယူရို၊ ဒေါ်လာငွေကြေး သိန်းပေါင်းများ သုံးစွဲပြီး ပျိုးထောင်ထားသည်။ ရခိုင့်မီဒီယာများ၊ CSO များကိုလည်း ငွေကြေးများစွာသုံးစွဲပေးကမ်းခြင်းဖြင့် နောက်ကွယ်မှ ထိန်းချုပ်ပြီး ယင်းတို့၏ ရည်ရွယ်ချက်ကို ဖော်ဆောင်သည်။ မျောက်၏အကူဖြင့် C ၏လက်ဝေခံ အုပ်စုသည် ရခိုင့်နိုင်ငံရေးကွင်းပြင်တွင် "C1" ဆိုသော အင်အားစုတစ်ခုကို မွေးထားသည်။ နောက်ပိုင်းတွင် C1သည် A ထဲသို့ ၀င်ရောက်လာသည်။ ထိုအကြောင်းရင်း များကြောင့် A သည် အင်အား တည်ဆောက်ရေးတွင် ခဲခက်နေခြင်းဖြစ်သည်။ A ခံရသော ထိုးနှက်ချက်များမှာ - ထိုးနှက်ချက် (၁) ---------------- ၂၀၁၀ ရွေးကောက်ပွဲတွင် C1 သည် နောင်အခါ ANP ဖြစ်လာမည့် RNDP ပါတီကို တိုက်ခိုက်ခဲ့သည်။ C1 သည် No Vote လှုံ့ဆော်မှုဖြင့် RNDP မဲရှုံးအောင်လုပ်သည်။ RNDP အထိနာပြီး ရသင့်သည့် အမတ်အရေအတွက် လျော့နည်း သွားခဲ့သည်။ နောက်ပိုင်း ငါးနှစ် ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။ ထိုးနှက်ချက် (၂) -------------- ၂၀၁၅ ရွေးကောက်ပွဲတွင် C1 သည် A ထဲ ရှိနေလျက်မှာပင် C2 ဆိုသော ကိုယ်ပွား Proxy ပါတီတစ်ခုကို ရွေးကောက်ပွဲအမီ မွေးထုတ်သည်။ ပြီးလျှင် တွင်း ပြင် နှစ်ဘက် ညှပ်လျက် ANP ပါတီနှင့် ပါတီဥက္ကဌ တို့ကို ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ပြီး မဲရှုံးအောင်ဖန်တီးသည်။ ANP အထိနာခဲ့ပြန်သည်။ ထိုးနှက်ချက် (၃) -------------- ၂၀၁၆ ခုနှစ်ဆန်းပိုင်းတွင် အင်အားစု A, B, C တို့သည် ရခိုင်ပြည်နယ် အာဏာရယူရေးအတွက် ခြေပုန်းခုတ်လှုပ်ရှားလာကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးတန်ခိုးထွားလာသော C သည် A အားနည်းပဲ့ထွက်လာအောင် C1ကို ထုတ်သုံးလာသည်။ A က စားပွဲဝိုင်းယဉ်ကျေးမှုမလုပ်လျှင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၌ ပါဝင်မည်မဟုတ်ဟု ၁/၂၀၁၆ ကြေညာချက်ထုတ်ပြီး C ကို ခုခံသည်။ C နှင့် C1 က ရခိုင်ဝန်ကြီးရာထူးများကို မက်လုံးပေးခြင်းဖြင့် A အမတ်သစ်များကို လက်တို့ကာနားချစည်းရုံးနေကြသည်။ အထူးသဖြင့် မျောက်အုပ်စုက ဝက် ထိန်းချုပ်ရေးဗျူဟာခင်းထားသော ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် ဒေသတို့မှ အမတ်သစ်များကို ပစ်မှတ်ထားပြီး ၁/၂၀၁၆ ကို ဆန့်ကျင်ဖေါက်ထွက်ကြရန် စည်းရုံးလျက်ရှိနေသည်။ ဤအကြောင်းခံများကြောင့် ရခိုင်နိုင်ငံရေး ရှုပ်ထွေးလာရခြင်းဖြစ်သည်။ UNA, NB F တို့ ကိစွတို့ လည်းပါဝင်ပက်လာသည်။ တချိန်က ဒီမိုကရေစီရေးတွင် မိတ်ဖက်ဖြစ်ခဲ့သော A နှင့် C တို့သည် ဖက်ဒရယ်အဆင့်တစ်ခုသို့ တိုးမြှင့်ပေးရေးတွင် ကွဲဟလာသောအခါ၌ နဂိုကပင် ရခိုင်၌အထိုင်ရှိပြီးသော B အင်အားစုသည်လည်း ရခိုင်ပြည်နယ်အကြီးအကဲရာထူးကို ချိန်ရွယ်ပြီး A အမတ်သစ်များကို ယခုလောလောဆယ်တွင် လက်သိပ်ထိုးစည်းရုံးလာနေသည်။ အကယ်၍ C သည် A အမတ်သစ်များကို စည်းရုံးမရသောအခြေအနေ သို့မဟုတ် ရခိုင်ကို ကွပ်ကဲထိန်းချုပ်ရန် ခက်ခဲသောအခြေအနေကို ရင်ဆိုင်နေရပြီဆိုပါဆို့။ C သည် ဒီမိုကရေစီဖော်ဆောင်ရေးတွင် ယင်းနှင့်ရန်ဘက်အသွင်ရှိပြီး ဘင်္ဂလီကိစ္စတွင် A နှင့် မဟာမိတ်ဖြစ်နေသော B ထံသို့ ရခိုင်ပြည်နယ်အကြီးအကဲရာထူးအား စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကောင်းမွန်ရန် ထိုးကျွေးလိုက်ရန်သာရှိသည်။ ထိုအခါ ဖက်ဒရယ်ပဋိပက္ခ ဖြေရှင်းရေးသည်ကား….။ ဦးခင်မောင်လတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ် ပတ်သက်မှုဖြင့် လူနှစ်ဦး ထောင် (၃) နှစ်ချမှတ်ခံရ ကောင်းမြတ်နိုင်(မောင်တော) ရန်ကုန် မတ်လ ၁၆ ရက္ခိုင့်တပ်မတော် AAနှင့် ဆက်နွယ် ပတ်သက်မှုဖြင့် လူနှစ်ဦးကို ကျောက်တော်မြို့နယ်တရားရုံး ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ထောင် (၃) နှစ်စီ အသီးသီး ချမှတ်လိုက်သည်ဟု သတင်း ရရှိသည်။ သူတို့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုထွန်းလှက ယနေ့ နံနက်က ထောင်ချလိုက်သည်ဟု နိရဉ္စရာသို့  အတည်ပြု ပြောဆိုသည်။ "ရက္ခိုင့် တပ်မတော်နဲ့  ဆက်နွယ်ပတ်သတ်ကြောင်း တရားခွင်မှာ ၀န်ခံ လိုက်တာကြောင့် သူတို့နှစ်ယောက် ကို ထောင်ဒဏ် ၃နှစ် စီချမှတ် လိုက်တာပါ။ သူတို့ ဆန္ဒရှိရင်တော့ အယူခံတက်မှာပါ "ဟု ဆိုသည်။ ထောင်ချခံရသူ နှစ်ဦးမှာ ကျောက်တော်မြို့ နယ် တင်းမကြီးကျေးရွာ မှ ကျော်မိုးလှိုင်(ဘ) ဦးသာထွန်းအောင်နှင့် မင်းပြားမြို့ နယ် ကုလားမတောင်ကျေးရွာမှ အောင်သန်းတင်(ဘ)ဦး ဗိုလ်စိန်ဦး တို့ ဖြစ်သည်။ သူတို့ နှစ်ဦးအား ရက္ခိုင့်တပ်မတော်(AA)နှင့် ပတ်သတ်ဆက်နွယ်သည်ဟု စွပ်စွဲချက်ဖြင့် ပုဒ်မ ၁၇ (၁) / ၁၇ (၂) ဖြင့် စစ်တပ်မှာ ကျောက်တော် တရားရုံး၌ တရားစွဲဆို ထားခြင်းဖြစ်သည် ။ သူတို့ နှစ်ဦးသည် ၂၀၁၅ခုနှစ် ဧပြီလက ရက္ခိုင့်တပ်မတော်နှင့်မြန်မာ့ အစိုးရ စစ်တပ်တို့ အကြား ပီချောင်းဒေသ စစ်ပွဲဖြစ်ချိန်တွင် ဒုတိယ အသုတ် ဖမ်းဆီးခံရသူများ ဖြစ်ကြသည်။
Monday, 14 March 2016
ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၇ ရွာခန့် ရေရှားပါးမှုနှင့် ကြုံတွေ့ရနိုင်ဟု ကျေးလက်ဦးစီးကဆို ကျော်ဝင်း (ကျောက်ဖြူ) နိရဉ္စရာ၊ မတ် ၁၄ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၇ ရွာခန့် ရေရှားပါးမှုနှင့် ကြုံတွေ့ရနိုင်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးတင်မောင် ကပြောသည်။ ”ရေရှားပါးနိုင်ခြေရှိတဲ့ ကျေးရွာက ၂၇ ရွာ ရှိနိုင်ပါတယ်။ ဒီရွာတွေ အတွက် ရေရှားပါးမှု ဆိုးဆိုးရွားရွားဖြစ်လာရင် ကူညီပံ့ပိုးနိုင်အောင် အဆင်သင့် ပြင်ထားပါတယ်။ အခုထိတော့ ရေရှား ပါးမှုကြုံတွေ့ ရတဲ့ ကျေးရွာတွေ မရှိသေးပါဘူး“ဟု ဦးတင်မောင် ကပြောသည်။ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း(၂၆၁)ရွာရှိသည့်အနက် ရေရှားပါးနိုင် ခြေရှိသည့် ကျေးရွာပေါင်း (၂၇) ရွာကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ စာရင်း ကောက်ခံထားခြင်း ဖြစ်ကြောင်း သိရသည်။ ရေအခက်အခဲ ကြုံနိုင်သည့် ကျေးရွာပေါင်း(၂၇)ရွာ အတွက် စမ့်စမ်းရေ (၁၂)ခု တူးဖော်မည့် အစီအစဉ်နှင့် ယာယီရေလှောင်ကန် ဂါလံ (၅၀၀၀) ဆန့် (၂၇) ကန်၊ ရေစုပ်စက်(၃) လုံး ၊ ရေသန့်စက်(၃)လုံးနှင့် ကလိုရင်းဆေးဝါးတွေကို ပြင်ဆင်ထားပြီး ဘက်ဂျက်ငွေ ကျပ်သိန်း (၁၇၀၀) ကိုလည်းတောင်းခံထားကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ရေရှားပါးနိုင်ခြေရှိသည့် ကျေးရွာပေါင်း(၂၇) ရွာအထဲတွင် ကားဖြင့် သွား၍ရသော ကျေးရွာများနှင့် ရေလမ်းဖြင့်သွားရောက်ရမည့် ကျေးရွာများလည်းရှိကြောင်း သိရသည်။ ( ယခု ဓာတ်ပုံသည် - ယခင်နှစ် နွေရာသီက စည်မော်ကျေးရွာတွင် ရေရှားသဖြင့် ရေလာလှူနေပုံ ဖြစ်ပါသည်။ ယခုနှစ် ရေရှားပါးနေသော ဓာတ်ပုံ မဟုတ်ပါ။ ရေရှားပါး သတင်းဖြစ်၍ ဆက်စပ် ဓာတ်ပုံကို ပူးတွဲ ဖော်ပြခြင်းသာ ဖြစ်ပါသည်။)
ရခိုင်ပြည်နယ် အစိုးရမှာ အေအန်ပီက ၀န်ကြီးချုပ် ဖြစ်မှးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ရခိုင်ပြည်နယ်မှာ မဲအများဆုံး ရတာဟာ အေအန်ပီဖြစ်တယ် ။ ဒါ့ကြောင့်မို့  ၀န်ကြီးချုပ်ရာထူးကို အေအန်ပီ လွှတ်တော်ကိုယ်စားလှယ် ပေးရမယ် ။ အဲဒီလိုမဟုတ်ဘဲ -၈-ယောက်လောက်သာ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံရတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀န်ကြီးချုပ်ရာထူးကို ယူမယ် ဆိုရင်တော့ ကြီးမားတဲ့  စိန်ခေါ်မှု နဲ့  ပဋိပကမီး္ခတွေကို ရွေးချယ်သွားတာဘဲလို့  ပြောရလိမ့်မယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ အစိုးရဖွဲ့ စည်းနိုင်တယ် ။ ပြည်နယ်တိုင်းမှာ မဲအများရရှိတယ် ဆိုရင် ပြည်နယ်ဝန်ကြီးချုပ်နဲ့  ပြည်နယ်အစိုးရကို ဖွဲ့ စည်းခွင့်ရှိတယ် ။ ၂၀၀၈-ဥပဒေက ပြဋ္ဌါန်းထားတာလဲ ဒီအတိုင်းပါဘဲ ။ ဒါပေနဲ့  ပြည်နယ်မှာ မဲအများကြီး ရရှိတဲ့  ရှမ်းနဲ့ ရခိုင်ပါတီတွေက ရှမ်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်မှာ ပြည်နယ်အစိုးရကို ဖွဲ့ စည်းခွင့်ရှိတယ် ။ ၀န်ကြီးချုပ်ကိုလဲ ခန့် ပိုင်ခွင့်ရှိတယ် ။ ၂၀၀၈-ဥပဒေမှာ ပြည်နယ်ဝန်ကြီးချုပ်ကိုရော ပြည်နယ်အစိုးရကိုရော တခြားပြည်နယ်တွေမှာ အနိုင်ရရှိတဲ့  အတွက် အစိုးရက သမ္မတဟာ သူ့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို အနိုင်မရရှိတဲ့  ပြည်နယ်တွေမှာကော ခန့် အပ်ခွင့် ဖွဲ့ စည်းပိုင်ခွင့် ရှိတယ်လို့  ဖေါ်ပြမထားတာ ရှိတယ် ။ ၂၀၀၈-ဥပဒေအရ ရှမ်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်မှာ သူတို့ လူမျိုးတွေကို ဦးစားပေးတာ မဟုတ်ဘဲ ဥပဒေအရလဲ ပြဋ္ဌါန်းထားတာ ဖြစ်တယ် ။ လက်တွေ့ မှာ ရှမ်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်ဟာ ပြည်နယ်အစိုးရဖွဲ့ စည်းခွင့်နဲ့  ပြည်နယ်ဝန်ကြီးချုပ်အတွက် အစိုးရနဲ့  ထိပ်တိုက်ရင်ဆိုင်ရမဲ့  နိုင်ငံရေးပြသနာ ဖြစ်တယ် ။ နိုင်ငံရေးပြသနာကို တွေ့ ဆုံဆွေးနွေး ညှိနိုင်း အဖြေရှာပြီး ငြိမ်ြးိမ်းချမ်းချမ်း ဖြစ်ဘို့ လိုတယ် ။ အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ မထီမဲ့ မြင် ဖြစ်ပြီး ပြည်နယ်အစိုးရနဲ့  ပြည်နယ်ဝန်ကြီးချုပ်ကို စိတ်ကြိုက်ဆောင်ရွက်သွားမယ် ဆိုရင်တော့ ရှမ်းပြည်နယ်ကိုတော့ မပြောတတ်ပေမဲ့  ရခိုင်ပြည်နယ်ကတော့ ငြိမ်သက်လေမှာ မဟုတ်ဘူးဆိုတာ သေချာတယ် ။ ခိုင်အောင်ကျော် ( နယူးယောက် )
မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့် အပြီးအပြတ် ကွင်းလုံးကျွတ် လွတ်မြောက်လာ ════════════════════════ မင်းပြား (March 14, 2016) ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ ၂၀၁၅ ခု ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်အား ထောင်ဒဏ် (၆)လ ပြစ်ဒဏ်ချမှတ်ထားခဲ့ရာ (၁၄-၃-၂၀၁၆)နံနက်ပိုင်းက မြောက်ဦးခရိုင်တရားရုံးမှ အပြီးအပြတ် ကွင်းလုံးကျွတ် လွတ်မြောက်ခွင့် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။ အဆိုပါ သတင်းမှာ အမှန်တကယ်ဖြစ်ကြောင်း ဦးလှအောင်ညွန့် ဇနီးက အတည်ပြု ပြောကြားပါသည်။ " ဦးလှအောင်ညွန့် ဒီနေ့ ကွင်းလုံးကျွတ် လွတ်မြောက်လာတယ်ဆိုတာ မှန်ပါတယ်။ အခု ကျွန်တော်တို့ ဦးလှအောင်ညွန့်ကို ကျောက်ဖြူမြို့က သွားယူဖို့ စီစဉ်နေပါတယ်။ ရခိုင်ပြည် လွှတ်တော် ဥက္ကဋ္ဌ ခွင်ပြုချက်နဲ့ မနက်ဖြန် လွှတ်တော်အစည်းအဝေး တက်ရောက်နိုင်အောင် သူ့ကို သွားခေါ်ဖို့ လုပ်နေကြပါတယ်။" ဟု မင်းပြားမြို့နယ် ရခိုင်အမျိုးသားပါတီမှ ပြန်ကြားရေး ဦးသိန်းစံက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ဇူလိုင်၊ သြဂုတ်လ ရေကြီးမှုများကြောင့် မင်းပြားမြို့နယ်အတွင်း ရေးဘေးသင့်ပြည်သူများအား ဒေါက်တာ စံရွှေအောင်မှ ရေဘေးကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရာတွင် ပါဝင်ကူညီခဲ့သူ တစ်ဦးဖြစ်သည့် ဒေါ်ဦးမြကြည်အား ပါဝင်ကူညီမှု မပြုလုပ်ရန် ဦးလှအောင်ညွန့်က နေအိမ်ကျူးကျော်ကာ ခြိမ်းခြောက်ခဲ့သည် ဆိုသည့် စွဲချက်များဖြင့် ဒေါ်ဦးမြကြည်က တရားစွဲဆိုခဲ့ရာ မြေပုံမြို့နယ် တရားရုံးမှ (၂၈-၁-၂၀၁၆) ရက်နေ့က (၄၅၁နှင့်၅၀၆) ပုဒ်မ (၂)ခုဖြင့် ထောင်ဒဏ် (၆)လ ချမှတ်လိုက်ပြီး ကျောက်ဖြူထောင်သို့ ပို့ခဲ့သည်ဟု သိရသည်။ ဤကဲ့သို့ မြေပုံမြို့နယ် တရားရုံးမှ စီရင်ချက်ချခဲ့မှုအပေါ် ပြန်လည်စိစစ်ပေးနိုင်ရန်အတွက် မြောက်ဦးခရိုင်တရားရုံးသို့ ဥပဒေအတိုင်း ဆက်လက် အယူခံ တင်သွင်းခဲ့ရာ ယနေ့တွင် အဆိုပါ ဦးလှအောင်ညွန့်အား အပြီးအပြတ် ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ပြုကြောင်း မြောက်ဦးခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
Wednesday, 9 March 2016
ကျောက်တော်အချုပ်သို့ (၇) ဦးထပ်တိုး **************************** ၂၀၁၆ မတ်လ ၇ ရက် မနေ့ညနေ ၄ နာရီ ကျောက်တော်အချုပ်သို့ လူ ၇ ဦးထပ်တိုးလာသည်။ ၄င်းတို့ကို အစိုးရစစ်တပ်မှခေါ်ယူလာခြင်းဖြစ်ပြီး စစ်တပ်ထဲတွင် အချိန်တစ်လထိ နေခဲ့ရသည် ဟု ၄င်းတို့မှဆိုကြသည်။ ထိုသူတို့မှာ -- ၁ ။ ဦးထွန်းဝင်း ခ မောင်နိုင်ဦး ဘ ဦးလှထွန်းချေ ဒေါ်အောင်သိန်းနု။နှမ်းခြမ်းရွာ ရသေ့တောင်။ ၂ ။မင်းမင်းထွန်း ဘ ဦးစန္ဒာအောင် ဒေါ်ဝေမစိန်။ တောင်ရပ် မြောက်ဦး။ ၃ ။ဦးဝင်းမြင့် ခ ထိပ်နီ ဘ ဦးသန်းစိန် ဒေါ် လှအေးခိုင်။ချောင်းစောက် ပေါက်တော။ ၄ ။ဇော်လှိုင် ဘ ဦးစိုးဖိုချေ ဒေါ်မြသိန်းတင်။မှင်းဇီချောင်း ပုဏ္ဏားကျွန်း။ ၅ ။ကျော်ဝင်းလှိုင် ခ ကျော်ယေ ဘ ဦးမောင်မြသန်းဒေါ်ရွှေနု။အရှိမြောက်ရပ်ကွက် ရသေ့တောင်။ ၆ ။ဦးသန်းဝင်း ဘ ဦးစိန်ရွှေဖြူ ဒေါ်မသိန်းဖြူ။ပဲစေ့နန်း ပုဏ္ဏားကျွန်း။ ၇ ။တင်ရွှေ (ဝါးခုပ်သမား)ဘ ဦးအောင်လှသံ ဒေါ်အေးညွန့်သာ။ ရွှေပြည်သစ် ကျောက်တော်။ ပိန်ခြောက်ခြောက်ဖြစ်နေသော ထိုလူငယ်များလိုအပ်သည့် အတွင်းခံဘောင်းဘီ။စွပ်ကျယ်။ဖိနပ်။စောင်။သွားတိုက်ဆေး/တံ။ထမင်းထည့်စားရန်ရေဒုံ တို့ကို ကိုထွန်းခင် ဆီမှ ငွေများတောင်းယူပြီ့း ဝယ်ယူပေးခဲ့ရသည်။ ကျောက်တော်အချုပ်ခန်းထဲတွင် နိုင်ငံရေးအကျဉ်းသား ၃၇ ဦးရှိနေပြီ။် $ $ ၁၁ ရက်နေ့ ၁၂ ဦး အဖွဲ့ တရားရုံးချိန်းရှိသည်။ အမှုလိုက်ပေးရန် ရှေ့နေ မရှိသေးပါ။ # လူထုဇော်ဝင်း
သောက်သုံးရေရှားပါးမှု ဖြေရှင်းရေး လူထုအစည်းအဝေး တောင်ကုတ်နယ်တွင် ပြုလုပ်မည် ရွှေရအောင် (တောင်ကုတ်) နိရဉ္စရာ၊ မတ်လ ၈ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်းဒေသ ကျေးရွာ အချို့တွင် သောက်သုံးရေ ရှားပါမှု ပြဿနာကို ဖြေရှင်းရန် အတွက် လူထု အစည်းအဝေး တစ်ခုကို မတ်လ ၁၁ ရက်နေ့တွင် ရွာမကျေးရွာတွင် ပြုလုပ် သွားမည်ဟု သိရသည်။ မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သော အကြိုအစည်းအဝေးပွဲတစ်ခုတွင် ယင်းသို့ ဆုံးဖြတ်ခဲ့သည်ဟု ရခိုင် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကွန်ယက်မှ ကိုဇေယျကျော်က ပြောသည်။ “ ကျွန်တော်တို့ တန်းလွဲချောင်း အုပ်စု ဟာကျေးရွာပေါင်း ၂၀ ကျော်ရှိတဲ့ တိုက်နယ်အုပ်စုလည်း ဖြစ်ပါတယ်။ အဓိက နွေရာသီရေရှား ပါးတဲ့ ကျေးရွာတွေကတော့ လက်ပန်ကျွန်း၊ သက်ကယ်ကျွန်း၊ ကန်ပြင်၊ ကျောက်ဆိတ်တောင် စတဲ့ကျေးရွာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယမန်နှစ်ကလည်း ရေရှားပါးတဲ့ ဒဏ်ကို အကြီးအကျယ် ခံခဲ့ရတယ်။ ဒီနှစ်မှာ ဒီလိုမျိုး မဖြစ်အောင်ဘယ်လို ဆောင်ရွက် ရမလဲဆိုတာကို အဖြေရှာ ဆွေးနွေးကြမှာပါ” ဟု သူက ပြောသည်။ ရခိုင်ပြည်နယ် အစိုးရမှ သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့ ရနိုင်သည့် မြို့နယ် များတွင် သောက်ရေကန် ၁၃၁ ကန်ကို မတ်လ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး တူးဖော်ပေးမည်ဟု ကြေညာသော်လည်း ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များတွင် တူးဖော်ရန် ကန်တစ်ကန်မှ မပါဝင်ကြောင်း သိရသည်။ တူးဖော်ရန်ကန်များမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့ဖြစ်ကြပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၇ ကန်၊ ကျောက်တော်မြို့နယ်တွင် ၂၀ ကန်၊ မြောက်ဦးမြို့နယ်တွင် ၄ ကန်၊ ရသေ့တောင်မြို့နယ်တွင် ၁၀ ကန်၊ ပေါက်တောမြို့နယ်တွင် ၄၆ ကန်၊ မြေပုံမြို့နယ်တွင် ၁၅ ကန်နှင့် မင်းပြားမြို့နယ်တွင် ၁၀ ကန်တို့ဖြစ်ကြောင်း သိရသည်။ “ ရေရှားနေတာက ကျွန်တော်ဒေသတွေမှာလည်း ရှားပါးနေတယ်။ ဒါပေမယ့် ရေကန် တစ်ကန်မှ တူးဖော်မယ့် အထဲမှာ မပါတော့ ဒီလုပ်ရပ် အပေါ်မှာ ဘယ်လို နားလည်ရမလဲ။ ပြည်နယ် အစိုးရက ခွဲခြားမှုတွေ လုပ်နေသလားလို့ မေးချင်ပါတယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက ပြောဆိုသည်။ ယခု အစည်းအဝေးကို တောင်ကုတ်မြို့ ရွာမကျေးရွာ တွင် ပြုလုပ်မည် ဖြစ်ပြီး ရေကန်တူးဖော်ရေး၊ ကိစ္စ၊ ရေရရှိရေးကိစ္စများကို အလေးအနက်ထား ဆွေးနွေးကြမည်ဟု သိရသည်။ “ ကျွန်တော်တို့ ကျေးရွာ ရပ်မိရပ်အနေနဲ့ ဆောင်ရွက်တာပါ့နော်။ သတင်းမီဒီယာ တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဖိတ်လည်း ဖိတ်ကြားထားပါတယ်'' ဟု ရွာမကျေးရွာ ကျေးရွာရပ်မိရပ်ဖ တစ်ဦးက ပြောသည်။ ယမန်နှစ်က ရေရှားပါးခဲ့သည့် သက်ကယ်ကျွန်း ကျေးရွာ ဒေသခံ တစ်ဦးကလဲ “ မနှစ်က ဆိုရင် ကျမတို့ ရွာမှာ ရေရှားပါးမှု က တော်တော်လည်းဆိုးဝါးခဲ့ပါတယ်။ ကျမတိုရေ ရရှိဖို့ အတွက် ရေကန် တူးဖော်မှုလည်း မရှိတော့ ပိုခက်တာပေါ့။ ဒီနှစ်လည်း ကန်တူဖော်မှုတွေမတွေ့ ရသေးပါဘူး။ အခုကပဲ ရေက စရှားပါးနေတော့ နွေရာသီ တပေါင်းတန်းခူး ဆိုရင်မလွယ်ဘူးလို့ ထင်ပါတယ်” ဟု ပြောဆိုသည်။ (အောက်ကဓာတ်ပုံမှာ လွန်ခဲ့သောနှစ်က ရိုက်ယူလာခဲ့သော ရမ်းဗြဲမြို့မှ ရေရှားပါးနေပုံ ဖြစ်ပါသည်။)
ကိုမောင်အေး(ကျေးလက်ဒေသဖွံ့ဖြိုးရေးအ သင်း ဥက္ကဌ၊ကျောက်ဖြူ)နှင့် ကိုထွန်းသာဖြူ၊ ကိုဇော်ဝင်းမောင် တို့ကို ဒုတိယအကြိမ် မြောက် ရုံးထုတ်စစ်ဆေး ကျောက်ဖြူမြို့၊ကျေးလက်ဒေသဖွံ့ဖြိုး ရေးအသင်း ဥက္ကဌကိုမောင်အေးနှင့်ကိုထွန်း သာဖြူ၊ကိုဇောဝင်းမောင်တို့ကို ၇/၃/၂၀၁၆ နေ့တွင် ကျောက်ဖြူမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ သည်။ ထိုသို့ရုံးထုတ်စစ်ဆေးရာတွင်ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်။ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဇော်လွင်က ဗမာအစိုးရ၏တရားလိုပြ သက်သေအဖြစ် တရားရုံးတွင် စစ်ဆေးခံခဲ့ သည်။တရားသူကြီးကဦးဇော်လွင်အား"သက် သေခံပစ္စည်း ရရှိခြင်း ရှိ/မရှိ" စစ်ဆေးရာ ဦး ဇော်လွင်က "မရရှိ"ဟု ထွက်ဆိုခဲ့ကြောင်း သိ ရသည်။ တရားလိုပြသက်သေ ဦးဇော်လွင် တစ်ဦး တည်းကိုသာ စစ်ဆေးခဲ့သည်။တခြားတရား လိုများနှင့် တရားခံဖြစ်သူ ကိုမောင်အေးနှင့် သုံးဦးအား စစ်ဆေးခြင်းမရှိခဲ့ဘဲ စစ်ဆေးမှု ကို ရပ်နားပြီး ၂၁/၃/၂၀၁၆ နေ့သို့ ထပ်မံချိန်း ဆိုလိုက်ကြောင်းသိရသည်။ ကိုမောင်အေးနှင့်သုံးဦးကို ရုံးထုတ်ချိန် တွင် လိပ်ခမော်၊ဂေါ်တူ၊မလကျွန်းစသည့် ကျေးရွာများ၊မဒေးကျွန်း၊မစရိုင်းကျွန်းစသည့် ကျွန်းစဉ်များမှ လူထု ၃၀၀ ခန့်လာရောက်ခဲ့ ကြပြီး ပန်းကုံးများစွပ်ဂုဏ်ပြုကာ "ကိုမောင်အေးနှင့်မတရားအဖမ်းခံရသူများ အမြန်ဆုံးလွတ်မြောက်ပါစေ။ကိုယ်ကျန်းမာ ပါစေ။စိတ်ချမ်းသာပါစေ" ဟုကြွေးကြော် ဆုတောင်းခဲ့ကြသည်။ ဒေသခံလူထုများသည် စက်လှေများ၊ကား များဖြင့်လာရောက်ခဲ့ကြခြင်းဖြစ်ပြီး တချို့မှာ ကိုမောင်အေးကို တွေ့ဆုံခွင့်မရခဲ့ပေ။ကိုမောင် အေးကို ရုံးထုတ်ပုံမှာ ချက်ချင်းထုတ်၊ချက် ချင်းစစ်ဆေး၊ချက်ချင်း ရပ်နား၊ထောင်အ ချုပ်သို့ ချက်ချင်းပြန်ပို့ကာ လူထုနှင့်တွေ့ဆုံ ခွင့် မရအောင်စီမံခဲ့သည်။ cp ချုပ်တွင်လည်း အချိန်ကြာကြာ မထား ဘဲ မိသားစုများ၊ရှေ့နေများနှင့်သာ တွေ့ခွင့် ရပြီး လူထုကိုမူ အချိန်အကန့်အသတ် လူအ ကန့်အသတ်ဖြင့်သာတွေ့ဆုံခွင့်ပေးခဲ့ကာအများစုမှာ တွေ့ခွင့်မရခဲ့ပါ။ ကိုမောင်အေးအပေါ်လူထုထောက်ခံအား ပေးဝိုင်းရံပေးမှုကို တရားရုံးနှင့်ဝန်ထမ်းများ အနေဖြင့် စိုးရွံ့မှုများရှိနေပုံရပြီး ကိုမောင်အေး နှင့် တွေ့ခွင့်မရသူ လူထုများဘက်မှလည်း ထို သို့ တွေ့ဆုံခွင့်မရခြင်းကို မကျေမနပ်ဖြစ်နေ ကြသည်။Credit>Mrata Zaung
Tuesday, 8 March 2016
စစ်အစိုးရသိမ်းသွားတဲ့ ရခိုင့်ရှေးဟောင်း လက်စွပ် အခု ဘယ်မှာလဲ ??
==============================================
ပုံမှာပါတဲ့ ကျောက်နီလက်စွပ်ကို ၂ဝဝ၉ ခုနှစ် ဇွန်လ ၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အထုပ်သည်မကျေးရွာက ဦးမောင်လှရဲ့ ပေါက်နေတဲ့လယ်ပြင်ကန်သင်းကိုဖာထေးတဲ့အခါ တွေ့ရှိခဲ့တာပါ။
ဒီလက်စွပ်ကို မြေအိုးတစ်လုံးထဲကနေရရှိခဲ့တာဖြစ်ပြီး လက်စွပ်နဲ့အတူ ၁ ကျပ်နဲ့ ၂ ရွေးအလေးချိန်ရှိတဲ့ ရွှေတုံး ၁ တုံး၊ ၄ ကျပ်နဲ့ ၂ ပဲအလေးချိန်ရှိတဲ့ ရွှေပြား ၁ ပြားတို့ကိုလည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။ လက်စွပ်မှာပါတဲ့ ကျောက်နီကတော့ ပတ္တမြားလို့ ယူဆရပါတယ်။
ထုံးစံအတိုင်းပဲ ဒီရှေးဟောင်းပစ္စည်းတွေကို ရဲကလာသိမ်းပြီး ဘဏ်မှာ အပ်ထားခဲ့ပါတယ်။ ရှေးဟောင်းပစ္စည်းဟုတ်/မဟုတ်ဆိုတာကိုလည်း အစိုးရတာဝန်ရှိသူတွေက စစ်ဆေးခဲ့ကြပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ဒီပစ္စည်းတွေအားလုံး ပျောက်သွားခဲ့ပါတယ်။ လက်ရှိမှာ ဒီပစ္စည်းတွေအားလုံး ဘယ်နေရာမှာရှိနေလဲဆိုတာ ရခိုင်တွေတစ်ယောက်မှ မသိနိုင်တော့ပါဘူး။ သိအောင်လည်း မကြိုးစားကြတော့ပါဘူး။ သိအောင်ကြိုးစားပြီး ရအောင်ယူပြနိုင်မယ်ဆိုရင်...........Credit>
မာန်ယုကျော် (ရွှေဝမြေ)
ဝ၉ဝ၃၁၆
(ကိုးကား ။ ။ ဆရာ Naung Aye 's facebook)
ဓာတ်ပုံ - Naung Aye
==============================================
ပုံမှာပါတဲ့ ကျောက်နီလက်စွပ်ကို ၂ဝဝ၉ ခုနှစ် ဇွန်လ ၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အထုပ်သည်မကျေးရွာက ဦးမောင်လှရဲ့ ပေါက်နေတဲ့လယ်ပြင်ကန်သင်းကိုဖာထေးတဲ့အခါ တွေ့ရှိခဲ့တာပါ။
ဒီလက်စွပ်ကို မြေအိုးတစ်လုံးထဲကနေရရှိခဲ့တာဖြစ်ပြီး လက်စွပ်နဲ့အတူ ၁ ကျပ်နဲ့ ၂ ရွေးအလေးချိန်ရှိတဲ့ ရွှေတုံး ၁ တုံး၊ ၄ ကျပ်နဲ့ ၂ ပဲအလေးချိန်ရှိတဲ့ ရွှေပြား ၁ ပြားတို့ကိုလည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။ လက်စွပ်မှာပါတဲ့ ကျောက်နီကတော့ ပတ္တမြားလို့ ယူဆရပါတယ်။
ထုံးစံအတိုင်းပဲ ဒီရှေးဟောင်းပစ္စည်းတွေကို ရဲကလာသိမ်းပြီး ဘဏ်မှာ အပ်ထားခဲ့ပါတယ်။ ရှေးဟောင်းပစ္စည်းဟုတ်/မဟုတ်ဆိုတာကိုလည်း အစိုးရတာဝန်ရှိသူတွေက စစ်ဆေးခဲ့ကြပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ဒီပစ္စည်းတွေအားလုံး ပျောက်သွားခဲ့ပါတယ်။ လက်ရှိမှာ ဒီပစ္စည်းတွေအားလုံး ဘယ်နေရာမှာရှိနေလဲဆိုတာ ရခိုင်တွေတစ်ယောက်မှ မသိနိုင်တော့ပါဘူး။ သိအောင်လည်း မကြိုးစားကြတော့ပါဘူး။ သိအောင်ကြိုးစားပြီး ရအောင်ယူပြနိုင်မယ်ဆိုရင်...........Credit>
မာန်ယုကျော် (ရွှေဝမြေ)
ဝ၉ဝ၃၁၆
(ကိုးကား ။ ။ ဆရာ Naung Aye 's facebook)
ဓာတ်ပုံ - Naung Aye
Subscribe to:
Posts (Atom)